နယ်ရုံးများ၏သတင်းများ

Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ကို အများပြည်သူများ သိရှိလေ့လာနိုင်ရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြသဆောင်ရွက်ထားရှိသည်။
Feb 17,2023
(၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်း ဓာတ်ပုံများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခင်းကျင်းပြသခဲ့သည်။
Feb 17,2023
တိုင်းရင်းဆေးပင် ဆေးဝါးများ၏အကျိုးပြု အသုံးဝင်ပုံကို အများပြည်သူသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တိုင်းရင်းဆေး အသိပညာပေး Talk Show အစီအစဉ် ရိုက်ကူးထုတ်လွှင့်ခြင်းကို ဧရာဝတီတိုင်ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ ရက် နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။                                                             
Feb 17,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး  (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်စန်းမော်၏ ပညာရှင်စိတ်ထား စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများ လူ့အသိုင်းအဝန်း တွင် တစ်ခြားသူများနည်းတူ ပူးပေါင်းပါဝင်ခွင့်ရရှိစေရေးရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။