လယ်ဝေးမြို့နယ်ရုံး ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

လယ်ဝေး မတ် ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ကလေးငယ်များ ကာယ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက​ ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။

အဆိုပါ​ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် မူလတန်းအဆင့်ကလေးငယ် ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၊ ပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကလေးငယ် ၁၄ဦး ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဒုတိယဦးစီးမှူး ဒေါ်ခင်ဝင်းမွန်နှင့် ဝန်ထမ်းများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

နေရည်(ပြန်/ဆက်)