နယ်ရုံးများ၏သတင်းများ

Feb 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀ )နာရီမှစတင်၍ ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Feb 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ရုံးရှိ နံရံကပ်ပြဘုတ်တွင် (၁၈-၂-၂၃) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက်၊ မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။
Feb 17,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ထင်အောင် (ကာယပညာတက္ကသိုလ်၊ ဂျာမဏီ) ရေးသားသည့် ကိုယ်၊ စိတ် ကျန်းမာနည်း (၁၀၀) စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Feb 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား သံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံ များအား ပြသပေးထားရာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားချစ်ကြည်ရေး သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများကို ကွတ်ခိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူ လူငယ်လူရွယ်‌လေးများမှ အသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်/ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုကြရာ နေ့စဉ်စာကြည့်တိုက်တွင် ဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
Feb 17,2023
စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုအတွေးအခေါ်များမြှင့်တင်ခြင်းဖြင့် ပြောင်းလဲနိုင်ကြပြီး စာဖတ်ပြီး အတွေးအမြင်များအား ပြန်လည်မျှဝေတတ်စေရန်နှင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ ဦးဆောင်၍ စာရေးဆရာအောင်သင်းရေးသားသည့် ကျောင်းသားလူငယ်တွေနှင့် အခြား ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့သည်။