နယ်ရုံးများ၏သတင်းများ

Jan 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံးဖွံ့ဖြိုးရေးနှင့် အများနှင့် ပူးပေါင်းပါဝင် ဆွေးနွေးဟောပြောတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို၊ ယနေ့မွန်လွဲ(၁)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ လေးရွာအခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 16,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျောင်း ား/ကျောင်းသူများအား တီထွင့်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ “ စာဖတ် ရှိန်မြှင့်တင်ရေးအတွက်”   ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။       
Jan 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁) နာရီ အချိန်ကစာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများအကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 16,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းမ၌ ယနေ့နံနက်(၁၀)အချိန်ခန့် ကျင်းပခဲ့‌ကြောင်း သိရသည်။
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာ‌ပေဝါသနာပါသူများနှင့် စာရေးဆရာအသင်းများပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီ၌ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Jan 16,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အ.မ.က(မူလွန်) ကံကလေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဆက်လက်ထိုးနှံပေးလျက်ရှိသည်။