ရေတာရှည်မြို့နယ်တွင် လူငယ်အသိပညာ​ပေး ​ဟော​ပြောပွဲကျင်းပ

ရေတာရှည် မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ လူငယ်အသိပညာ​ပေးလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ လူငယ်အသိပညာ​ပေး ဟော​ပြောပွဲကျင်းပခဲ့သည်။

လူငယ်အသိပညာ​ပေးဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်​အေးဆုစံက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် ကျန်းမာ​ရေး၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်ကြီးပွား​ရေး စသည့်အ​ကြောင်းအရာများအားဆွေး​နွေး​ပြောကြားခဲ့သည်။

ထို့​နောက် ဟောပြောပွဲသို့ တက်​ရောက်လာသူများက ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည် စာအုပ်စာ​စောင်များနှင့် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာ​ပေး၊ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး၊ သက်ငယ်မုဒိမ်းကာကွယ်​ရေး အသိပညာ​ပေး နံရံကပ်စာ​စောင်များအားလေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)