လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကလေးအလုပ်သမားပ​ပျောက်ရေးအသိပညာပေး Talk Show ကျင်းပ

လယ်ဝေး မတ် ၂၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက် ၁၁ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ဝင်းမွန်နှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (သက်သက်နွယ်-ရန်ကုန်တက္ကသိုလ်)တို့က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားဖြစ်ရခြင်းအကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ခြင်း၊ ကဗျာရွတ်၊ ပုံပြောခြင်း၊ လက်မှုအနုပညာများဖန်တီးခြင်းနှင့် အားကစားလေ့ကျင့်ခန်းများ စသည်တို့ကို Online မှ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)