တောင်ဥက္ကလာပ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးက အမျိုးသမီးကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရှားရမည့်အချက်များ၊ လိုက်နာရမည့်အချက်များ၊ အစားအသောက်အနေအထိုင် အပြုအမူတို့ကို ဆင်ခြင်ရမည့် အချက်များနှင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို မှန်ကန်စွာ လိုက်နာကျင့်သုံး သင့်ကြောင်း စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး ကျန်းမာရေးနှင့်ပတ်သက်တဲ့ သိကောင်းစရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သီတာအေး