နယ်ရုံးများ၏သတင်းများ

Feb 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ငပလီမြို့ရှိ​စျေးဆိုင်တန်းမှစာဖတ်ပရိသတ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
Feb 13,2023
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံး ဝန်ထမ်းများနှင့် စာဖတ်ပရိသတ်များအား စာပေဖတ်ရှုမှု အဆင် ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက်(အခမဲ့)ငှားရမ်း ဝန်ဆောင်မှုပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အခွန်ဦးစီးဌာနမှူး ရုံးဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။
Feb 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီ၌ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။
Feb 13,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်းရှိ ပြည်သူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်၊ စာဖတ်သည့်  အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍  (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
Feb 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ယနေ့ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ရိုက်ကူးခဲ့သည်။
Feb 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်၌ ခင်းကျင်းပြသခဲ့သည်။
Feb 13,2023
ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်ခဲ့သည့် မူလတန်း(အထက်အဆင့်) ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်သည်။