နယ်ရုံးများ၏သတင်းများ

Mar 23,2023
မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့နေ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
Mar 23,2023
စာအုပ် စာပေများ စဉ်ဆက်မပြတ် လေ့လာဖတ်ရူခွင့်ရရှိစေရန်ရည်ရွယ်၍ အပတ်စဉ်မိုဘိုင်းစာငှားစနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ လှည့်လည်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီမှစ၍ စာဖတ်သူများ ရှေ့မှောက်အရောက် လှည့်လည်ငှားရမ်းပေးခဲ့ကြသည်။
Mar 23,2023
ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ခေါင်းစဉ်နှင့်အညီ စုကလိမြို့နေပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားများအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့သည်။
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။
Mar 23,2023
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ (၂၅)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Mar 23,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တပ်ရင်းတပ်ဖွဲ့များ၊ ဌာနအသင်းအဖွဲ့များနှင့် မြို့ပေါ်နေပြည်သူများသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 23,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 23,2023
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့တွင် အမျိုးသမီးများအကြမ်းဖက်ခံရမှုပုံစံအမျိုးမျိုးအကြောင်း၊ အကြမ်းဖက်ခံရမှုဆိုသည်မှာဘာလဲ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှု ဖြစ်ပေါ်လာပါက ရင်ဆိုင်နိုင်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့ပြည်သူ့စာကြည့်တိုက် Community center တွင် ကျင်းပပြုလုပ်ခဲ့သည်။