တောင်ကုတ် မတ် ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ဒုတိယဦးစီးမှူး ဒေါ်သန်းနုနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိငြိမ်းတို့က အမျိုးသမီးများ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ဝိုင်းများ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် အဖွဲ့ဝင်များက စာရးဆရာ ရူပါသိမ်း ရေးသားသည့် ကျန်းမာသက်ရှည်ခြင်းဆိုင်ရာ နည်းပညာစာအုပ်ပါ မီးဖိုချောင်တွင်းမှ လှပကျန်းမာနည်းပညာ၊ ဆန္ဒနှင့်အညီ ဖွံ့ထွားလာစေမည့်နည်း၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် ယောဂလေ့ကျင့်နည်းနှင့် ခန္ဓာကိုယ်အလေးချိန်ကျစေမည့် မီးဖိုချောင်အတွင်းပြောင်းလဲခြင်း ဆောင်းပါးများကို ဖတ်ကြားဆွေးကြပြီး ဒုတိယဦးစီးမှူး ဒေါ်သန်းနုနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိငြိမ်းတို့က ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)