စုကလိ မတ် ၂၃
မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (၇၈) နှစ်မြောက် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှအခမဲ့ဖြန့်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့နေ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဆောင်ရွက်ခဲ့သည့်အချက်အလက်များ၊ တပ်မတော်နေ့ ဦးတည်ချက် (၄) ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်အချို့၊ တပ်မတော်၏ အား (၁၀) ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် ကဗျာများ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ကြောင်းသိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့အသိပညာပေး လုပ်ငန်းတစ်ရပ်ဖြစ်သည့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား နိုင်ငံတော်၏ နေ့ထူးနေ့ထူးမြတ်များနှင့် အထိမ်းအမှတ်နေ့များတွင် ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုပိုအောင်