သံတာင်ကြီး မတ် ၂၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တပ်ရင်းတပ်ဖွဲ့များ၊ ဌာနအသင်းအဖွဲ့များနှင့် မြို့ပေါ်နေပြည်သူများသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ ၂၇-၃-၂၀၂၂ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲတပ်မတော်၊ စွမ်းအားရှိသမျှကာကွယ်ပေးမယ်၊ တပ်မတော်၏အား (၁၀)ပါး၊ နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန် ထမ်းရွက်ခဲ့၊ ဆောင်ပုဒ်များ၊ ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြပေးကြောင်း သိရသည်။
နော်နော်မူ