ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟော‌ပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ကလိန်အောင်  မတ်  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁ဝ) နာရီအချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် အသိပညာဗဟုသုတတိုးပွား၍ ဗလငါးတန်းနှင့်ပြည့်စုံစေရန်၊  ဘက်စုံချွန်သည့် လူငယ်များဖြစ်လာစေရန် လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေး ကောင်းမွန်စေရန် အားကစားများ၊ စာပေဗဟုသုတများတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်များအ‌နေဖြင့် လူကုန်ကူးမှုမဖြစ်ပေါ်စေရေး အသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ပြီး လူငယ်လူရွယ်များက စိတ်ပါးဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)