မန္တလေး မတ် ၂၃
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ (၂၅)တို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေမှုများ၊ ဆရာဦးထွန်းလူက ကလေးအလုပ်သမားပပျောက်ရေးတွင် အရှိန်အဟုန်မြင့် ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အသိပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန်လုပ်ငန်းများ၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း ပညာအခွင့်အလမ်း ဖန်တီးရေးလုပ်ငန်းများ၊ မိသားစုများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် ပူးပေါင်း ဆောင်ရွက်ရန်များ၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆို ရှင်းလင်းချက်များကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)