နယ်ရုံးများ၏သတင်းများ

Jan 24,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ အချိုမှုန့်၏ အန္တရာယ်အသိပညာပေး  ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စာကြည့်တိုက်သို့စာပေလာရောက် လေ့လာဖတ်ရှုသူများနှင့် ပြုလုပ်ခဲ့သည်။
Jan 24,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက် အသိပညာဗဟုသုတ မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က မြို့မ) ၌ ကျင်းပခဲ့သည်။
Jan 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန  (Community Centre)ရုံး‌ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 24,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 24,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ‌နေ့နံနက်ပိုင်းက လူငယ်နှင့်ယဉ်‌ကျေးမှုအကြောင်းအသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Jan 24,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို  ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီ ကမန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 24,2023
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပေါ့မိုင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 24,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။