နယ်ရုံးများ၏သတင်းများ

Jan 25,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jan 24,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပသည်။
Jan 24,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jan 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ကလေးသူငယ်အခွင့်အရေးအကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 24,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကို ချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ‌ယနေ့နံနက်ပိုင်း (၁၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Jan 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ-ထ-က ( ၁ ) ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။
Jan 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေပြီး၊ ပရိသတ်ရှေ့၌ ပြောရဲ ဆိုရဲသော သတ္တိများရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဉ်ကျေးစွာပြောဆို ဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ဖိုးဦးစိန်ကျေးရွာ) ရှိ စိန်ပညာခန်းမ၌ “မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပကြောင်း သိရသည်။
Jan 24,2023
ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကွမ်တုံမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ကြောင်း သိရသည်။