နယ်ရုံးများ၏သတင်းများ

Mar 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Communiity Centre)ခန်းမ၌ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ (Book Club)အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က သုတေသီဘုန်းမြင့်သွေးရေးသားသည့် “မရှိမဖြစ်ဇွဲ”  စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 22,2023
မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်  ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက  စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မုံးကိုးမြို့အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံ ငှားရမ်းပေးမှုကို  ရပ်ကွက်‌/ ကျေးရွာများ အရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်း ပေးကြသည်။
Mar 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေပိုင်းက “လူငယ်နဲ့စာရိတ္တ” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့နယ်စာရင်းစစ်ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
Mar 22,2023
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုများအတွက် အသိပညာဗဟုသုတပေးခြင်း အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာယနေ့ မွန်းလွဲ ၁ နာရီက လူငယ်နှင့် ရည်မှန်ချက် ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show) ဆောင်ရွက်ခြင်းအစီအစဉ်ကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ပြုလုပ်သည်။
Mar 22,2023
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အများပြည်သူများ သွားလာရာနေရာသို့၌ သွားရောက် ဖြန့်ဝေပေးခဲ့သည်။