စုကလိမြို့တွင် ကလေးအလုပ်သမားများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ပြုလုပ်

စုကလိ   မတ်     ၂

ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစို့ ခေါင်းစဉ်နှင့်အညီ စုကလိမြို့နေပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးအလုပ်သမားများအကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ကို မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက စုကလိမြို့ ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာန Community Center တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဦးကိုကိုအောင်က ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်နှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များကို လည်းကောင်း၊ အငယ်တန်းစာရေး(အင်အားပြ) ဒေါ်စိုးမို့မို့ဌေးက အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူဝါဒများနှင့် ကလေးအလုပ်သမားအဓိပ္ပာယ်ဖွင့်ဆိုချက်များအကြောင်းတို့ကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းအသိပညာပေး Talk Show များကိုလည်း အပတ်စဉ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုပိုအောင်