နယ်ရုံးများ၏သတင်းများ

Feb 18,2023
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီဌာနက မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ - ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်အဖြစ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 18,2023
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမနေ့မွန်းလွဲ(၂)နာရီအချိန်က ကျောင်းသား၊ကျောင်းသူ၊ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အန္တရာယ်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရှောင်ရှားနိုင်ရန်၊ အသိပညာ ဗဟုသုတများ ရရှိလာစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဂိမ်းကစားနည်းများ ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Feb 18,2023
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ်ဓာတ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
Feb 18,2023
ဒေသခံတိုင်းရင်းသားမိဘပြည်သူများအနေဖြင့် နိုင်ငံရေး ပညာရေး ကျန်းမားရေး စီးပွားရေး လူမှုရေးနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာအုပ်စာစောင်များအား အမြဲတမ်းလေ့လာဖတ်ရှုပြီး စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့များဖွဲ့စည်း၍ လစဉ်စာဖတ်ဝိုင်းများအား ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
Feb 18,2023
နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များအား ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်ကာ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ရောက်ရှိမည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့နေ့လည်ပိုင်းမှစ၍ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ပြသလျက်ရှိသည်။
Feb 18,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မြန်မာ-ရုရှားသံတမန် ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများကိုနံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 18,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်​ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ခရိုင် ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးအတွင်း နံရံကပ်ပြဘုတ်တို့တွင် (၁၈-၂-၂၃) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်၊ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူး ပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန် ရောင်စုံဓါတ်ပုံများဖြင့် စိတ်ဝင်စားဖွယ် ပြသထားရှိပါသည်။
Feb 18,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ အများပြည်သူများ လေ့လာသိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရှရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မှတ်တမ်းဓါတ်ပုံများအား ယမန်နေ့မွန်းလွဲပိုင်းက ပြသပေးထားရာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။