နယ်ရုံးများ၏သတင်းများ

Jan 26,2023
မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများ ရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင် အ.ထ.က (၇) ကျောင်း (ကျောင်းခန်းမ) ၌ ကျင်းပခဲ့သည်။
Jan 25,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကျောင်းသားကျောင်းသူလူငယ်လေးများစာကြည့်တိုက်ကိုရင်းနှီး ကျွမ်းဝင်စေရေး၊ ဗလငါးတန် ဖွံ့ဖြိုးရေး၊ ကာယဉာဏစွမ်းရည်တိုးတက်စေရေး၊ ပူးပေါင်းဆောင်ရွက်တက်စေရေး၊ စဉ်းစားတွေးခေါ် တက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရေး ရည်ရွယ်၍  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက်  ၁၀ နာရီအချိန်က ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်ခဲ့ သည်။
Jan 25,2023
ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနစုကလိမြို့ရုံးအနေဖြင့် အသိပညာပေး Talk Show များ ဆောင်ရွက်ရာတွင် ယနေ့နံနက် ပိုင်းက စုကလိမြို့ လူထုအခြေပြုဗဟိုဌာန Community Centerတွင် ကလေးအလုပ်သမားများနှင့် အန္တရာယ်ရှိသောလုပ်ငန်းခွင်များအကြောင်း အသိ ပညာပေး Talk Show အား ဆောင်ရွက်ခဲ့သည်။
Jan 25,2023
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ လူငယ်စကားဝိုင်းများကျင်းပဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက် တန်းကျောင်း သဇင်ခန်းမဆောင်တွင်ကျင်းပဆောင်ရွက်ခဲ့သည်။
Jan 25,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “စာကောင်းပေကောင်း၏ အရသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 25,2023
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Jan 25,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်စဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပဆောင်ရွက်ကြောင်း သိရသည်။
Jan 25,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက စိုက်ပျိုးသိပ္ပံ(ပျဉ်းမနား)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ငှားရမ်းပေးကြသည်။