နယ်ရုံးများ၏သတင်းများ

Mar 24,2023
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက‌ ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်သည်။
Mar 24,2023
​နွေရာသီ​ကျောင်းပိတ်ရက်ကာလအတွင်း က​လေးများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်​စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိ​စေရန်နှင့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်လာ​စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်(Community Centre)၌ ယမန်​နေ့နံနက်ပိုင်းက  အ​ခြေခံအင်္ဂလိပ်စာသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြား​ပေးခဲ့သည်။​
Mar 24,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ “ဆုံစည်းရာစာဖတ်ဝိုင်း(Book Club)အဖွဲ့”တို့ လစဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသော စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
Mar 24,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မတ်လ (၂၄) ရက်နေ့ နံနက်(၉)နာရီအချိန်က စာပေမြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 24,2023
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူများအနေဖြင့် သိသင့်သိထိုက်သည်များအား လေ့လာမှတ်သား သိရှိနားလည်နိုင်စေရေး အမျိုးသမီးများ၏ ရပိုင်ခွင့်အခွင့်အရေးများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Mar 24,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၊ ကေ့ာကရိတ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Mar 24,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရေးအတွက် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။