နယ်ရုံးများ၏သတင်းများ

Apr 26,2023
ကျောင်းသား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်၊ ဖြတ်ထိုးဉာဏ်အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Apr 26,2023
မန္တလေးခရိုင်၊ မဟာအောင်မြေ‌မြို့နယ် ကံလှဈေး၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများစုပေါင်း၍ Mobile Library စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
Apr 26,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာဌားဝန်ဆောင်မှု များကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မကူးစက်ကူးစက်ရောဂါအတွက် ကွင်းဆင်းလေ့လာကြသော သူနာပြုတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူများအား သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Apr 26,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟု သုတရရှိစေရန်အတွက် ဆောင်ရွက်ရှိသလို လူငယ်များအတွက်လိုအပ်လျက်ရှိသော သင်တန်းများကိုလည်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီ သင်တန်းအဖြစ် ကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Apr 26,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
Apr 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ပြတိုက်ငယ်ယဉ်ကျေးမှု ဖြစ်လာစေရန်နှင့် ပြည်သူများ ဗဟုသုတရရှိ စေရန်ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum) ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum) သို့ လူငယ်၊ လူရွယ်များလာရောက် လေ့လာကြည့်ရှု လျက်ရှိကြောင်း သိရသည်။
Apr 25,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် လူငယ်၊ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2023
ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အိမ်​ထောင်စုများအား ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။