မဟာအောင်မြေမြို့နယ် ကံလှဈေး၌ စာအုပ်စာစောင်များငှားရမ်းပေး

မဟာအောင်မြေ ဧပြီ ၂၆

မန္တလေးခရိုင်၊ မဟာအောင်မြေ‌မြို့နယ် ကံလှဈေး၌ ယနေ့နံနက်ပိုင်းက ဝန်ထမ်းများစုပေါင်း၍ Mobile Library စနစ်ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါစာအုပ်ငှားရမ်းပေးခြင်းသည် ဈေးသူဈေးသားများနှင့် အများပြည်သူများ စာပေဖတ်ရှုသည့် အလေ့အထဖြစ်စေရန်၊ အမှားအမှန်ဝေဖန်နိုင်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်၍ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကောင်းစွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အများပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေး၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် သုတ၊ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် ကလေးများအတွက် ရုပ်ပြ၊ ပုံပြင်စာအုပ်များ စုံလင်စွာယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးနိုင်ခဲ့ပြီး၊ စာအုပ်အသစ်များရောက်ရှိလျှင် မိတ်ဆက်အစားထိုး ငှားရမ်းခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

အောင်ဇော်မင်း