တာလေ ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ပြတိုက်ငယ်ယဉ်ကျေးမှု ဖြစ်လာစေရန်နှင့် ပြည်သူများ ဗဟုသုတရရှိ စေရန်ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum) ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum) သို့ လူငယ်၊ လူရွယ်များလာရောက် လေ့လာကြည့်ရှု လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြတိုက်ငယ် (Mini Museum) တွင် ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်း(၁၇)မျိုးကို ခင်ကျင်းပြသထားပြီး လာရောက် လေ့လာကြည့်ရှုလိုသူများအနေဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့အပြင် အများပြည်သူများအနေဖြင့် ဒေသအလိုက် သမိုင်းကြောင်း အချက်အလက်အထောက်အထားများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ အထင်ကရနေရာပုံရိပ်များ၊ ရိုးရာဓလေ့ထုံးစံများ၊ အသုံးအဆောင်ပစ္စည်းများ၊ ဒေသအလိုက်ထူးချွန်ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်နှင့်ရဟန်းများ၏ အတ္ထုပတ္တိများအား လှူဒါန်းလိုပါက လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)