နယ်ရုံးများ၏သတင်းများ

Feb 20,2023
ယနေ့ခေတ်လူငယ်များ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာပေကိုပိုမိုဖတ်ရှု‌ လေ့လာနိုင်စေရန် ရည်ရွယ်၍ “လူငယ်နှင့် စာပေ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နေ့လည် (၁) နာရီက ဆောင်ရွက်ခဲ့ပါသည်။
Feb 20,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)  တွင် ယနေ့ နံနက် ၁၁ နာရီက မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဥ်ဖြင့် အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။
Feb 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍မီးဘေးလုံခြုံရေး ပညာပေးစာစောင်များနှင့်စတေကာများကို ယမန်နေ့ နံနက် ၈ နာရီက ပုလောမြို့ ပုလောတံတားထိပ်တွင် ဖြန့်ဝေခဲ့သည်။
Feb 20,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commynity Centre) ခန်းမ၌ လူငယ်နှင့်စာရိတ္တအကြောင်း သိကောင်းစရာ (Talk Show) ကို ယနေ့နံနက်ပိုင်း (၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 20,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
Feb 20,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များပေးအပ်လှူဒါန်းပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 20,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင်  ပြည်သူများအနေဖြင့်ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 19,2023
တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နိုင်ငံတော်းအကြီးအကဲများ၏ ဆောင်ရွက်မှုများ၊ နေ့စဉ်ထုတ်သတင်း သတင်းစာများ၌ ပြည်သူများလေ့လာသင့်သည့် အကြောင်းအရာများ၊ မြို့နယ်ရုံးလှုပ်ရှားမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြည်သူများထံသို့ အချိန်နှင့်တပြေးညီ တင်ပြပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် မြန်မာ-ရုရှား နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်စွာ သံတမန်ဆက်ဆံရေးဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ လေ့လာကြည့်ရှုစေရန် ပြသထားကြောင်းသိရသည်။