နယ်ရုံးများ၏သတင်းများ

Apr 26,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တိုင်းရင်းသားရိုးရာဓလေ့၊ ယဉ်ကျေးမှုများအား အများပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြတိုက်ငယ် (Mini Museum)ကို ခင်းကျင်းပြသလျက်ရှိရာ အဆိုပါ ပြတိုက်ငယ် (Mini Museum)သို့  လူငယ်လူရွယ်များ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Apr 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ စိုက်ပျိုးရေးဦးစီး ဌာနရုံး၌ ဧပြီလ (၂၆) ရက်၊ နံနက် (၁၀) နာရီအချိန်က Home Garden, School Garden စိုက်ပျိုးရန် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင် များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက်
Apr 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Apr 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံသစ်(မြောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌  ကဆုန်လပြည့်နေ့အကြောင်း သိ​​ကောင်းစရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Apr 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အနာဂတ်လူငယ်လေးများအသိပညာဗဟုသုတပွားများရရှိစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်နှင့်စာပေ အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 26,2023
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ အသိပညာနှင့်နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပြိုင်ပွဲ၊ လူငယ်ရေးရာ ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
Apr 26,2023
အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပသည်။