နယ်ရုံးများ၏သတင်းများ

Feb 19,2023
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Book Club အဖွဲ့နှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
Feb 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးမြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန် ဆက်ဆံ‌ရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် အကြောင်းအရာများကို  ပြည်သူများ လေ့လာ သိရှိနိုင်‌စေရန် ယမန်နေ့ည‌နေကပြသခဲ့ကြောင်း သိရသည်။
Feb 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၅)သံတံတားရပ်ကွက် ဒေါ်ခင်မြင့်မြင့် စာကြည့်တိုက်ရှေ့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 19,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 19,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် ံရံကပ်ပြဘုတ်တွင် ပြသပေးထားရာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
Feb 19,2023
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးTalk Show ကျင်းပခဲ့သည်။
Feb 19,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြည်သူများလေ့လာကြည့်ရှုပြီး ဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ခင်းကျင်းပြသထားကြောင်း သိရသည်။