နယ်ရုံးများ၏သတင်းများ

Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် Community Centreခန်းမ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့ နံနက် (၁၁)နာရီက ကျင်းပခဲ့သည်။
Mar 20,2023
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၀ ရက် နံနက် (၁၀) နာရီက တောင်တန်းသာသနာပြု မြို့မကျောင်း၌ ကျင်းပခဲ့သည်။
Mar 20,2023
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့ နေပြည်သူများနှင့် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ၊ ဈေးဆိုင်များ သိရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေးခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီက ဦးစီးထုတ်ဝေသည့် ဖန်ခါးမြေ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေသည်။
Mar 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
Mar 20,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀) နာရီက Book Club နှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာအောင်လှိုင် (မြန်မာပြန်) ၏ "အများနှင့်ဆက်ဆံပြောဆိုသည့်ပညာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Mar 20,2023
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြို့မဘုန်းတော်ကြီးကျောင်းသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
Mar 20,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ယနေ့ နံနက်(၁၀)နာရီ အချိန်က ကွတ်ခိုင်မြို့ အမှတ်(၂)ရပ်ကွတ် သာသနာ့ရိပ်သာကျောင်းနှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ပါသည်။