မန္တလေး ဧပြီ ၂၆
ကျောင်းသား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဉာဏ်ရည်ထက်မြက်စေရန်၊ ဖြတ်ထိုးဉာဏ်အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ရင့်သန်စေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နံနက် (၁၁) နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား၊ ကျောင်းသူများ နွေကျောင်းပိတ်ရက် အားလပ်ချိန်များတွင် စာကြည့်တိုက်သို့စာပေများ လာရောက်လေ့လာဖတ်ရှု့ရင်း အသိပညာဗဟုသုတများ ရရှိမှတ်သားထားမှုအပေါ် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက်နှင့် ကျန်းမာပျော်ရွှင်ရေး၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ခင်ရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေါ်မြင့်မြင့်သန်း