မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လေ့လာရေးရောက်ရှိသော သူနာပြုတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူများအား Mobile စနစ်ဖြင့် စာအုပ်စာစောင်မျာ ငှားရမ်းပေး

ပြည်ကြီးတံခွန် ဧပြီ ၂၆

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် စာဌားဝန်ဆောင်မှု များကို စာကြည့်တိုက်တွင် ငှားရမ်းသည့်အပြင် မိုဘိုင်းစနစ်ဖြင့်လည်း ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ မကူးစက်ကူးစက်ရောဂါအတွက် ကွင်းဆင်းလေ့လာကြသော သူနာပြုတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူများအား သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါမိုဘိုင်းစနစ်ဖြင့် စားငှားဆောင်ရွက်ရာတွင် ကျောင်းသူများအနေဖြင့် ကျောင်းပိတ်ရက်များတွင် စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေနိုင်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများ သိရှိစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မိုဘိုင်းစနစ်ကို အသုံးပြု၍ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်း မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နော်မြတ်နိုးဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်ကျောင်းသူများအား သုတ/ရသစာအုပ်(၂၇၆)အုပ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)