ပျော်ဘွယ် ဧပြီ ၂၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအား အသိပညာဗဟု သုတရရှိစေရန်အတွက် ဆောင်ရွက်ရှိသလို လူငယ်များအတွက်လိုအပ်လျက်ရှိသော သင်တန်းများကိုလည်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ နွေရာသီ သင်တန်းအဖြစ် ကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက “ကျွန်မတို့အနေနဲ့ နွေရာသီမှာ လူငယ်တွေအတွက် အကျိုးရှိမဲ့သင်တန်းတွေကိုဖွင့်လှစ်နိုင်ဖို့ သက်ဆိုင်ရာအထက်ဆင့်ဆင့်ကို တင်ပြခဲ့ခြင်းဖြစ်ပြီး ယနေ့မှာတော့ ကဗျာရေးစပ်နည်းသင်တန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်၊ သင်တန်းသားတွေကိုတော့ မြို့နယ်ရုံးစာကြည့်တိုက်ကို လာရောက် အသုံးပြုနေသူတွေထဲက ကဗျာရေးစပ်နည်းဝါသနာပါတဲ့ လူငယ်တွေကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအချို့က လူငယ်တွေလဲ တက်ရောက်နေခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။
ကဗျာရေးစပ်နည်းသင်တန်းကို ပြင်ပပညာရှင်တစ်ဦးက သင်ကြားပေးခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း၊ သင်တန်းကာလမှာ (၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)