နေပြည်တော် ဧပြီ ၂၅
ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စုများအား ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ယနေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
ထို့သို့ သွားရောက်လှူဒါန်းရာတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီတာဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ပုဗ္ဗသီရိမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် အိမ်ထောင်စုလေးစုအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ် ၁၉၇၃၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)