နယ်ရုံးများ၏သတင်းများ

Apr 25,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club များ ပူးပေါင်း၍ ကိုဗစ်အသိပညာပေးနှင့် လျှပ်စစ်ဓာတ်အားခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ လူငယ်၊ လူရွယ်များ အသိပညာဗဟု သုတရရှိရေး အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်ဘုတ်ပြသခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ ရင်ခွင်မဲ့ကလေးသူငယ်များ လျော့ချရေးနှင့်သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
Apr 25,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်‌ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အသုံးချတက်စေရန်ပျော်ပွဲရွှင်များ၊ အားကစားနည်းပညာများဖြင့်တဲ့ စစ်တုရင်ပြိုင်ပွဲနှင့် Scrabble ပြိုင်ပွဲများကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Apr 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် စာဖတ်ရှိန်မြင့်မားရေး၊ အတွေးအခေါ် ဗဟုသုတများ တိုးပွားစေရေး ယမန်နေ့နံနက် (၁၀)နာရီခွဲက စာရေးဆရာ ကောင်းပြည့်သော် ရေးသားသည့် သောကဖြေဆေးရွှေအတွေးစာအုပ် စာဖတ်ဝိုင်းအား ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2023
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေမြတ်နိုးသူများ (Book Club) အသင်းတို့ ပူးပေါင်း၍ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက စာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Apr 25,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧပြီ(၂၄)ရက် မွန်းလွဲ(၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 25,2023
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်၊။