ဗဟန်း မေ ၁
၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့အလုပ်သမားနေ့” အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယနေ့၊ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာမစိုးစိုး(ဗဟန်း)တို့က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) သည် အလုပ်သမားထုကြီး၏ အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ခဲ့ပြီးမှ ဖြစ်ပေါ်လာခဲ့ရသည့် တန်ဖိုးထားအပ်သော သမိုင်းဝင်နေ့ တစ်နေ့ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် မေ ၁ ရက်ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် ကျင်းပလျက်ရှိကြောင်း၊ မေဒေးပေါ်ပေါက်လာမှုဟာ ၁၉ ရာစုဆန်းလောက်မှာ အမေရိကန်ပြည်ထောင်စုက အလုပ်ရှင်နဲ့ အလုပ်သမားတို့ရဲ့ ပဋိပက္ခဖြစ်မှုကနေ စတင်ခဲ့ကြောင်း၊ အလုပ်သမားနေ့ဖြစ်ပေါ်လာခဲ့သည့် ကမ္ဘာ့သမိုင်းကြောင်းကို ပြန်ကြည့်လျှင် အခက်အခဲပေါင်းများစွာနှင့် တိုက်ပွဲအဆင့်ဆင့်ကို ဖြတ်ကျော်လာခဲ့ရသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ အလုပ်သမားများစွာ၏ အသက်ပေါင်းများစွာဖြင့် ရင်း၍ခဲ့ရသော နေ့တစ်နေ့ဖြစ်သည်ကို တွေ့ကြရမည်ဖြစ်ပြီး ကမ္ဘာ့အလုပ်သမား လူတန်းစားများအတွက် အရေးပါသော တန်ဖိုးမဖြတ်နိုင်သော နေ့တစ်နေ့ဖြစ်ပါကြောင်းစသဖြင့် မေလ (၁) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံအကြောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
စန္ဒာမိုး