ကန့်ဘလူမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကန့်ဘလူ မေ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မေ ၂ ရက် နံနက် ၇ နာရီခွဲက မြို့မစျေးနှင့်လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ စျေးရောင်းစျေးဝယ်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ နေအိမ်ပြင်ပထွက်ခွာသွားလာပါက မဖြစ်မနေ နှာခေါင်းစည်း များ တပ်ဆင်သွားလာကြရန်တို့ကို အသိပညာပေးပြောကြားပြီး၊ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းမရှိသူများကို  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)