ကျိုင်းတုံ ဧပြီ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စာဖတ်ဝိုင်းဆွေနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးစိုးနိုင်က စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် လူ့အဖွဲ့အစည်းများအတွင်း လူမှုရေး၊စီးပွားရေးစသည့် ကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန်အတွက် စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းပြောကြားသည်။
ထို့နောက် Book Club ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များက စာရေးဆရာအောင်သင်းရေးသားသည့် နှလုံးသားကိုလေးပေါ်တင်ပစ်သည်စာအုပ်မှ စသည့် ကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)