သရက် မေ ၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club တို့ပူးပေါင်း၍ We Love Thayet ခေါင်းစဉ်ဖြင့် ရောင်စုံ ပန်းချီပြိုင်ပွဲ ကျင်းပခြင်းကို မေလ(၆) ရက် နံနက်(၉)နာရီမှ (၁၂)နာရီအတွင်း ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပမည်ဟု သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းဆင့် G-6 မှ G-9 နှင့် အထက်တန်းဆင့် G-10 မှ G-12 ပြိုင်ပွဲ ကျင်းပပေးမည်ဖြစ်ရာ ပြိုင်ပွဲတွင် ပုံဆွဲစာရွက်ပေးမည်ဖြစ်ပြီး အခြားလိုအပ်သည့် ဆေးနှင့်ပစ္စည်းများကို ယူဆောင်လာရမည်ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်လိုသည့် ကျောင်းသား/ကျောင်းသူ များအနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက် သို့ မေလ(၃)ရက်နေ့ ညနေ(၄)နာရီထိလာရောက် စာရင်းပေးသွားနိုင်သည်။
အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု(၁)နှင့် နှစ်သိမ့်ဆု(၂) ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)