Jun 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာမိုးညဲနယ်မြေရဲစခန်း၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က တာမိုးညဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မီဒီယာခန်းမ၌ ဆောင်ရွက်ခဲ့သည်။