ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ခိုလမ် စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အ.မ.က (နောင်ပိန်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဟောပြောပွဲ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဝေဝေအောင်က  ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော ဗဟုတုတများ၊  စာဖတ်သူတစ်ဦးနှင့် စာမဖတ်သူတစ်ဦးတို့၏ အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်မှု၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောပေးခဲ့သည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအား အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း အသိပညာပေး နံရံကပ်စာစောင်များကိုလဲ ပြသခဲ့ကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)