မန်ကန် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ စာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မန်ကန်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက ဦးဆောင်၍ ယနေ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့၊ ဌာနဆိုင်ရာများ စုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် စာဖတ်သည့် အလေ့အထများရရှိနိုင်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းများလည်း မြင့်မားလာမည်ဖြစ်ပါကြောင်း၊ စာပေဖြင့် အသိပညာ၊ အတတ်ပညာများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် ဒေါ်အိအိသွေးက “ပါရဂူဂုဏ်ပြုပွဲက အပြန်” ဆောင်းပါးအားလည်းကောင်း၊ ဦးအိုက်ညီက “တပည့်တွေအကြောင်း” ဆောင်းပါး အားလည်းကောင်း၊ ဦးတင့်ဝေက “အမွေခံတစ်ယောက် အမွေးပေးသူတစ်ရာ” ဆောင်းပါးအားလည်း ကောင်း၊ ဦးစိုင်းဆိုင်က “သူတို့ပြောတဲ့ မြန်မာအကြောင်း” ဆောင်းပါးအားလည်းကောင်း၊ ဦးကိုလွင်က “ဆွေးမျိုးမတော်စပ်သော ဆွေးမျိုးများ၏” ဆောင်းပါးအားလည်းကောင်း၊ ဦးစံစုက “ဆရာမ တိုက်ကျွေး သောအားဆေးစကား” ဆောင်းပါးအားလည်းကောင်း အသီးသီးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် (၂၀)ဦးပါဝင် တက်ရောက်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
အေးကပ်(မန်ကန်၊ ပြန်/ဆက်)