မိုင်းငေါ့ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က ကောင်းစံသာ (ရေကြည်) ရေးသားသော”လူငယ်တွေဖတ်ဖို့ ဘဝအတွက်အတွေးအမြင်များနှင့်စိတ်ဓာတ်ခွန်အားဖြည့်စာများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် လူငယ်လူရွယ်များ၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေအကြောင်းအရာများက နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် ကျန်းမာရေး ဗဟုသုတများရရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ မဟေမာန်ဦးက “ဘဝဆိုတဲ့လှေ”၊ မောင်ရဲရင့်ထွဠ်က “တန်ဖိုးရှိဖို့ အဓိက”၊ မရွှေသီရိခင်က “ပန်းသီးပင်နှင့်လူတစ်ယောက်အကြောင်း” စသည့်တို့အား အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာအုပ်ပါအကြောင်းအရာများအား တက်ရောက်လာသူများနှင့် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင်(၁) ကြိမ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)