နယ်ရုံးများ၏သတင်းများ

Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရခိုင်ချောင် (မြောက်)ကျေးရွာရှိ တောင်သူဒေါ်သက်သက်နွယ်၏ ကွင်းအမှတ်(၂၄၂)၊ ဦးပိုင်အမှတ် (၃၇/၃)၊ လယ်ယာမြေ(၅)ဧက ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံအေရိုးဗစ်အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 17,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အခြေခံဦးစီးဌာန မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာမ အေးဖြူ၏ “ဖတ်မိသမျှတွေ မျှဝေပေးဖို့” စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူ ရေးရာ ဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၁၈/၁) ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေး မိုးစပါး ၄၆၄၄၅ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ၁၈၂၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း နှင့်မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရန် ရေပေးဝေရေးမြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ရေပေးဝေလျက်ရှိကြောင်း သိရသည်။
Aug 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ် (၅) အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၁၅ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 17,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးများကိုယ်ခန္ဓာကြီးထွားသန်မာခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးခြင်း၊ ရောဂါကာကွယ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခံစားရစေနိုင်ရန်နှင့် စံမှီအာဟာရ ပြည့်ဝမျှတစေရန်အတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဩဂုတ်(၁၅)ရက် နံနက်(၁ဝ)နာရီက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။