နယ်ရုံးများ၏သတင်းများ

Jun 21,2023
ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အား ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန် အပြင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိကာရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့ နံနက်(၉း၃၀)အချိန်က ပြသဆောင်ရွက်ထားလျက် ရှိပါသည်။
Jun 21,2023
အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအား အနုပညာကို စိတ်ပါဝင်စားမှုရှိလာစေရန်၊ တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရင့်သန် လာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မြို့နယ်အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
Jun 21,2023
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့သည်။
Jun 21,2023
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမမှာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိ နိုင်စေရန်၊ သိရှိလိုက်နာ သင့်သည့်အချက်များအား သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်သည်။
Jun 21,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးပြိုင်ပွဲ၊ ဟောပြောပွဲနှင့်ပြပွဲကို ယမန့်နေ့နံနက်ပိုင်း (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်တွင် အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။