မိုင်းယန်း စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက် ၁၀ နာရီ အချိန်က စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ “လူငယ်နှင့် အမြင်”ခေါင်းစဉ်ဖြင့် ဉီးဆောင်ဆွေးနွေးသည်။ ဆက်လက်၍ Book club အသင်းဝင် ဒေါ်သင်းသင်းဝေက “လူငယ်နှင့် အမှား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book club အသင်းဝင် ဒေါ်စိုးပြည့်ပြည့်ထွေးက “လူငယ်နှင့် အလှအပ”ခေါင်းစဉ်ဖြင့် “အလှအပဆိုတာ၊ အလှအပဖြင့် ဝင့်ကြွားခြင်း”ဆိုင်ရာအကြောင်းအရာများဖြင့်လည်းကောင်း၊ Book club အသင်းဝင် ဒေါ်မြတ်သီရိမေက “လူငယ်နှင့် လူမှုရေးအတွေးများ”၊ Book club အသင်းဝင် ဒေါ်နှင်းအိဝေက “လူငယ်နှင့် ဒဿန” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ် ဦးမျိုးချစ်ဦးက “လူငယ်နှင့် သိပ္ပံအတွေး” စသည့်ခေါင်းစဉ်များဖြင့် အတွေးအမြင်များကို ချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး