ကွန်ဟိန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း စက်တင်ဘာ  ၁၁   

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ယနေ့နံနက် (၁၀:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးမိုင်းအောင်ဖေက သစ် တောသစ်ပင်ကောင်းကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ”၊ “လူငယ်နှင့်စာပေ”အကြောင်း  အသိပညာပေးဟောပြောခဲ့ပြီး ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ  ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)မှ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)