နယ်ရုံးများ၏သတင်းများ

Aug 17,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့ နံနက် (၉)နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)၏ “အမွေခံတစ်ယောက် အမွေပေးသူ တစ်ရာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို သြဂုတ်လ ၁၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အထက်တန်းကျောင်း(မံစီ)တို့ ပူးပေါင်းကျင်း၍ ဩဂုတ် ၁၅ ရက် နံနက် ၁၀ နာရီက ဖုန်ကန်ဒူဝါခန်းမ၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အ.ထ.ကခွဲ -  ၂၇ တွင် ကျင်းပသည်။
Aug 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားထားသော “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
Aug 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြား‎ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဩဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ မူလွန်ကြေးနန်းဝင်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Aug 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ရှမ်းပြည်နယ်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းအပေါ် အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းတွင်ပါရှိသည့် Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုသင်တန်းဖွင့်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ကက္ကူကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ် ၁၅ ရက် နံနက် (၁၀) နာရီ အချိန်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။