နယ်ရုံးများ၏သတင်းများ

Aug 17,2023
၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရှင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် တောင်သူများ၏ လယ်ယာမြေ များတွင် ဆီထွက်သီးနှံ မိုးမြေပဲနှင့်မိုးနှမ်း (၅၀၁၆၅) ဧက ကို ဒေသတွင်း စားသုံးဆီ ဖူလုံရေးအတွက် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
Aug 17,2023
“ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ ယနေ့ နံနက် (၁၁) နာရီအချိန်က အမှတ်(၈) ရပ်ကွက်၊ တုံးလှဲရွာမ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
Aug 17,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Aug 17,2023
နိုင်ငံ​၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က တွံတေးမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိခန်းမ၌ကျင်းပသည်။
Aug 17,2023
ပဲခူးတိုင်း​ဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။