ဓနုဖြူမြို့နယ်၌ အထူးရဲသင်တန်းသားများသင်တန်းဆင်းပွဲကျင်းပ

ဓနုဖြူ  အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်  ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံအသီးသီး၌ မဲရုံလုံခြုံရေးအတွက် အထူးရဲများ တာဝန်ပေးနိုင်ရန် အထူးရဲသင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၇ နာရီ အချိန်တွင် တော်ပေါ်ဘုန်းကြီးကျောင်း ရာပြည့်ဗိမ္မာန်၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဓနုဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်လွင်က အထူးရဲသင်တန်းသားများအနေဖြင့် ရွေးကောက်ပွဲကာလတွင် မဲရုံလုံခြုံရေးတာဝန်များအား သင်တန်းပို့ချထားသည့်အတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ မဲလက်မှတ်များသယ်ဆောင်စဉ်နှင့် မဲရုံလုံခြုံရေး တာဝန်များဆောင်ရွက်နေစဉ် လုံခြုံရေးသတိ၊ အသိဖြင့်ဆောင်ရွင်ရန်၊ အထက်အကြီးအကဲများ၏ အမိန့်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။

အဆိုပါ အထူးရဲသင်တန်းကို ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား (၁၆၄)ဦး တက်ရောက်ကြရာ သင်တန်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်တာဆီးရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀-ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကြီးတွင် ဓနုဖြူမြို့နယ်ရှိ မဲရုံပေါင်း(၁၆၄)ရုံ၌ လုံခြုံရေးတာဝန်များကို ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။ 

ထက်ဝေဖြိုး(ပြန်ဆက်)