မင်းတပ် အောက်တိုဘာ ၂၉
မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများတွင် အသုံးပြုမည့်မဲရုံသုံး ပစ္စည်းများနှင့် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက် ခဲ့သည်။
မင်းတပ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမြင့်အောင် က " ဆန္ဒမဲလက်မှတ် စာအုပ်တွေ ပြည့်စုံမှုရှိ/မရှိကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေပူးပေါင်းပြီး စစ်ဆေးတယ်၊ ဒီနေ့တော့ မြို့ပေါ်(၄)ရပ်ကွက်မှာရှိတဲ့ မဲရုံတွေအတွက် မဲရုံသုံးပစ္စည်းနဲ့ မဲလက်မှတ်တွေ ထုတ်ပေးတာ ဖြစ်ပါတယ်၊ မနက်ဖြန်ကစပြီး ကျေးရွာကော်မရှင်အဖွဲ့ခွဲတွေကိုလည်း မဲလက်မှတ်တွေ ထုတ်ပေးမှာဖြစ် တယ်" ဟု ပြောကြားသည်။
မင်းတပ်မြို့ပေါ် (၄)ရပ်ကွက်တွင် မဲရုံ(၁၄)ရုံထားရှိမည်ဖြစ်ပြီး ကျေးရွာအုပ်စုများတွင် မဲရုံ(၁၀၂)ရုံထားရှိပြီး ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)