နယ်ရုံးများ၏သတင်းများ

Sep 02,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်တွင် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ပေးနေသော စက်တပ်သမ္ဗန်များနှင့် ကူးတို့ဆိပ်တို့၌ လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီခွဲ က စတင်ပြီး  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 02,2020
လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် Mask မတပ်ဆင်သူများကို ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ စက် တင်ဘာ ၂ ရက်က Mask မတပ်ဆင်သူ (၂၁) ဦးတွေ့ရှိခဲ့ပြီး၊ ယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 02,2020
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှ နေရပ်ပြန်ရွှေ့ပြောင်း မြန်မာ အလုပ်သမား ကလေး/လူကြီး အမျိုးသား (၅၃) ဦး၊ အမျိုးသမီး(၉၀) ဦး စုစုပေါင်း (၁၄၃) ဦးသည် ယနေ့နေ့လည်အချိန်က ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
Sep 02,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် နှာခေါင်းစည်း မတပ်ဆင်မှုများ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၂)ရပ်ကွက်၊ မိုးလုံလေလုံအား ကစားခန်းမ ရှေ့၌ ပြုလုပ်ခဲ့သည်။
Sep 02,2020
ကျောက်မဲခရိုင်၊ နောင်ချိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ရန် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်း က နောင်ချိုမြို့မဈေးတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 02,2020
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် (IDPs) တိုက်ပွဲရှောင်စခန်းရှိ အသက် (၆၀)နှစ်မှ (၈၀)နှစ်အထိ ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန် က နမ့်ခမ်းမြို့ရှိ (IDPs) တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပေးအပ်သည်။