နယ်ရုံးများ၏သတင်းများ

Oct 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ ရွှေမြိုင်သီရိ သီလရှင်စာသင်တိုက်သို့ မဇ္ဇျိမဂုဏ်ရည် ဆရာတော်မှအလှူငွေ (၉၉၆၀၀၀၀)ကျပ်အား ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် အဆိုပါ သီလရှင်ကျောင်း၌ လှူဒါန်းခဲ့ကြောင်းသိရသည်။
Oct 24,2020
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေ:မှူး ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိရာ ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် နေရပ်ပြန်ပြည်သူ(၂၆)ဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
Oct 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် တမူးမြို့၊အမှတ် (၂)ခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
Oct 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် လှူဒါန်းခြင်းကို ငွေဆောင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ခတ္တာလမ်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
Oct 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ အသုံးပြုရန်အတွက် ရန်ကုန်မြို့မှ အလှူရှင်မိသားစု ပေးပို့လှူဒါန်းသည့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်ကိုယ်စား တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွှေးကောက်ပွဲကြီး အတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးအဖြစ် တာဝန်ယူကြမည့် သူများအား အဆင်သင့်ဖြစ်စေရန် ရွှေးကောက်ပွဲဆိုင်ရာသင်တန်းကို အနော်ရထာခန်းမ၌ အောက်တိုဘာ (၂၁)ရက်မှ အောက်တိုဘာ(၂၆)ရက်ထိသင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။
Oct 24,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်အထွေထွေရွေး ကောက်ပွဲအတွက် မဲဆန္ဒနယ်‌မြေများ အတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်‌ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ Quarantine Centre ဝင်ရောက်သူ(၆၅)ဦးတို့အား နှာခေါင်း/ အာခေါင်(SWAB) တို့ဖတ်ရယူခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ဆောင်ရွက်ခဲ့ရာ၊