လေးမျက်နှာမြို့နယ်၌ မဲရုံများအားမီးဘေးအန္တရာယ်လုံခြုံရေးကွင်းဆင်းစစ်ဆေး

လေးမျက်နှာ  နိုဝင်ဘာ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက်ဟ င်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် စီစဉ်ထားသော မဲရုံများတွင် မတော်တဆဖြစ်ပွားတတ်သောမီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှတဆင့် ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ် တို့ဖြစ်ပွားလာပါက အချိန်မီ ငြှိမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဟင်္သာတခရိုင်မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်မှ လေးမျက်နာမြို့နယ်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဆန္ဒမဲပေးသည့်ကာလအတွင်း မီးဘေးလုံခြုံရေးကိစ္စ/ ရွေ့ထုတ်ကယ်ဆယ်ရေး ကိစ္စရပ်များအထူးအလေးထားဆောင်ရွက်ကြရန်နှင့် သန္ဓေ/ အရန်မီးသတ် တပ်ဖွဲ့ဝင်များအား Mask များ ပေးအပ်ပြီး လေးမျက်နာမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လျှပ်စစ်၊မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဆန္ဒမဲပေးရန် အသုံးပြုမည့် မဲရုံများအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)