ကျောင်းကုန်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက် နှစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ (၉)ဦး ရှိကြောင်း ကျန်းမာရေးဌာနကသိရသည်။
ကျောင်းကုန်းမြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စုမှ အမျိုးသားတစ်ဦး ပုသိမ်မြို့သို့ သွားရောက်ပြသပြီး စစ်ဆေးရာ ပိုးတွေ့ရှိခြင်းဖြစ်ပြီး၊ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး ထပ်မံ၍ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
အမှတ်(၂)ရပ်ကွက်နေ အသေးစားငွေစုငွေချေးလုပ်ငန်းတွင် လုပ်ကိုင်သော အမျိုးသမီး(၂)ဦးအား စစ်ဆေးရာ ကိုဗစ်-၁၉ ပိုးထပ်မံတွေ့ရှိခဲ့သည်။ ယမန်နေ့ ညနေ ၄ နာ ရီအချိန်ခန့်တွင် ပိုးတွေ့သူတို့ လုပ်ကိုင်နေသည့် ရုံးအဖွဲ့ဝင်(၅၁)ဦးအား စစ်ဆေးရာ ကိုဗစ်ပိုး မတွေ့ရှိရကြောင်းနှင့် အဆိုပါ ပိုးတွေ့သူများနှင့် ထိစပ်သူ(၁၇)ဦးအား သတ်မှတ်ထားသည့် C B F Q များတွင် ထားကာ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)